ပြီးခဲ့သည့် ၂၀၁၈ ဒီဇင်ဘာ ၃၁ ရက်နေ့ က သရဖူစိုးမြင့် ကုမ္ပဏီများ အုပ်စု လီမီတက် ၏ ၁၃ နှစ် ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ညစာစားပွဲနှင့် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ ကို သာကေတမြို့ရှိ Water Boom အပန်းဖြေစခန်းတွင် ကျင်းပခဲ့သည်။
သရဖူစိုးမြင့် ၁၃ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား သို့ ရန်ကုန်၊ မန္တလေး၊တောင်ကြီး၊ ပုသိမ် စသည့် မြန်မာနိုင်ငံတစ်ဝန်း ရုံးခွဲများ နှင့် အရောင်းပြခန်းများ မှ ဝန်ထမ်းအင်အား စုစုပေါင်း ၂၃၀ ကျော် တက်ရောက်ခဲ့သည်။ အခမ်းအနား ကို နံနက် ၉ နာရီတွင် သရဖူစိုးမြင့် ကုမ္ပဏီ လိမိတက် ၏ Groups of Chairman ဖြစ်သော ဦးစိုးမြင့် နှင့် မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဇင်ထွေး တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ သည်။ ထို့နောက် နှစ်ပတ်လည် အခမ်းအနား ၏ ဆောင်ပုဒ်တစ်ခုဖြစ်သော ONE TEAM BIG DREAM ဟူသော စာလုံး ကို လည်းကောင်း၊ သရဖူစိုးမြင့် စာလုံးကိုလုံးကောင်း၊ ကုမ္ပဏီ၏ ကောင်းသတင်းမွှေးပျံ့မှု ကို ရည်ရွယ်သော ပန်းပွင့် သဏ္ဍန် ကို လည်းကောင်း ဒရုန်းကင်မရာဖြင့် မှတ်တမ်းတင်ခဲ့ပါသည်။
ကုမ္ပဏီ ၏ စုစည်းညီညွတ်သော အစုအဖွဲ့တစ်ခု အနေဖြင့် အနာဂတ်အတွက် ကြီးမားသော အိမ်မက်ကိုယ်စီ ကို ပွေ့ဖက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့သော အဆိုပါ စာလုံးသရုပ်ဖော် အစီအစဉ်တွင် ဝန်းထမ်းများအားလုံးပျော်ရွှင်ကြည်နှုးတက်ကြွစာ သရုပ်ဖော်တင်ဆက်ခဲ့ ကြသည်။ထို့နောက် ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များ နှင့် ဝန်ထမ်းများအားလုံး စုပေါင်းဓါတ်ပုံကာ မှတ်တမ်းတင်ခဲ့သည်။ ထို့နောက် ဒုတိယပိုင်း အစီအစဉ် ဖြစ်သော ဝန်ထမ်းများပျော်ပွဲရွှင်ပွဲ အခမ်းအနားကို Water Boom ခန်းမဆောင်အတွင်း၌ ဆက်လက်ကျင်းပခဲ့သည်။ ထိုအစီအစဉ်တွင် သရဖူစိုးမြင့် ကုမ္ပဏီ လိမိတက် ၏ နာယကကြီး ဦးစိုးမြင့် မှ အဖွင့် အမှာစကား ပြောကြားခဲ့သည်။
သရဖူ စိုးမြင့် စက်ပစ္စည်းအရောင်းအဝယ် လုပ်ငန်းကို ၁၉၈၀ ပြည့်နှစ်ခန့် က စတင်ဖွင့်လှစ် ရောင်းချခဲ့ပြီး ထိုမှ တစ်ဆင့် ၂၀၀၅ ခုနှစ်တွင် ကုမ္ပဏီ လုပ်ငန်းစု အဖြစ်အသွင်ပြောင်းကာ ဆောင်ရွက်ခဲ့သည်။အထူးသဖြင့် ကုမ္ပဏီ သက်တမ်း ဆယ်စုနှစ်တစ်ခုကျော်အတွင်း ကုမ္ပဏီ ၏ တိုးတက်ရာ တိုးတက်ကြောင်း ပေးဆပ်ဆောင်ရွက်ခဲ့ကြ သော လုပ်သက်ရင့်ဝန်ထမ်းများအပါအဝင် အနယ်အနယ်အရပ်ရပ်မှ ဝန်ထမ်းများ ၏ ပါဝင်ပေးဆပ်မှုကြောင့် တိုးတက်လာခဲ့ခြင်း ဖြစ်ကြောင်း နာယကကြီး ဦးစိုးမြင့် မှ ထုတ်ဖော်ချီးကျူး ခဲ့သည်။ ထို့ပြင် မျိုးဆက်သစ် လူငယ်ဝန်ထမ်းများကိုလည်း ဘဝ ကို အရှုံးမပေးပဲ စိတ်ဓါတ်ကောင်းမွန်စွာဖြင့် မိမိဘဝ တိုးတက်ရေးကိုလည်းကောင်း ကုမ္ပဏီ ၏ တိုးတက်ရေးကိုလည်းကောင်း စွမ်းစွမ်းတမံဆောင်ရွက်ကြရန် လည်း တိုက်တွန်း အမှာစကားပြောကြားပြီး နှစ်သစ်ကူးလက်ဆောင်အဖြစ် ဝန်ထမ်းများကို စိတ်ဓါတ်ခွန်အား မြှင့်တင်ပေးခဲ့သည်။
ထို့ပြင် မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဇင်ထွေး မှ လည်း ဝန်ထမ်းများ၏ ကုမ္ပဏီ အပေါ် ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုကျေးဇူးတင်စကား ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ကုမ္ပဏီ ဌာန အသီးသီး ၏ လုပ်သက်ရင့် မန်နေဂျာများ ကို တစ်ဦးချင်း မိတ်ဆက်ပေးခဲ့ပြီး အထူးတလည် ချီးကျုးထုတ်ဖော် ပြောဆိုခဲ့သည်။ ထို့ပြင် ဘဝတွင် အခက်အခဲများ ကြုံတွေ့ရသည့်အခါတိုင်း စိတ်ဓါတ်မ ကျဘဲ ပြန်လည်ရုန်းထ ကြိုးစား သင့်ကြောင်း၊ စိတ်ညစ်စရာ အခြေအနေများ၊ စိတ်ဓါတ်ကျစရာ အခြေအနေများကို အရှုံးမပေးဘဲ တွန်းလှန်ကြိုးစားဖို့ လိုအပ်ကြောင်း စသည်တို့ကို ၎င်း၏ဘဝအတွေ့အကြုံနှင့် ယှဉ်ကာ ဝန်ထမ်းများကို အားပေးစကားတိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါ စိတ်ပျက်ညစ်ညူးစရာ အခြေအနေများကို ၂၀၁၈ ခုနှစ်တွင် ချန်ထားရစ်ခဲ့ပြီး ယူဆောင်မလာတော့ဘဲ ပြည်ဖုံးကားချကာ ၂၀၁၉ ခုနှစ်အတွက် စိတ်သစ်လူသစ် အတွေးအမြင်သစ်များဖြင့် ဘဝ ကို အသစ်တစ်ဖန်ပြန်လည် တည်ဆောက်ပြီး ကောင်းသော အရာများကို သာ ယုံကြည်မျှော်လင့်ချက်များဖြင့် လုပ်ဆောင်သွားကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် သရဖူစိုးမြင့် ၁၃ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ဝန်ထမ်းများ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆီးမီးဖိုင်နယ် ပွဲစဉ်များကို နာယကကြီး ဦးစိုးမြင့်၊ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဇင်ထွေး၊ နှင့် ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ အပါအဝင် ဝန်ထမ်းများအားလုံး စုပေါင်းကြည့်ရှုအားပေးခဲ့ကြသည်။ သရဖူစိုးမြင့် နှစ်ပတ်လည် အထိမ်းအမှတ် ဝန်ထမ်းများ ဖူဆယ်ပြိုင်ပွဲ သို့ မြန်မာနိုင်ငံတစ်ဝန်း ရုံးခွဲများနှင့် အရောင်းပြခန်း များမှ ဖူဆယ်အသင်းပေါင်း (၁၀) သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ဖူဆယ် အသင်းများ ကို ကုမ္ပဏီ မှ တင်သွင်းရောင်းချနေသော အမှတ်တံဆိပ်အမည် များ ဖြင့် အသင်းများ ဖွဲ့စည်းစေပြီး တစ်အုပ်စု လျှင် အသင်း (၅) သင်းပါဝင်သော အုပ်စု နှစ်စု ခွဲကာ ပတ်လည်အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင်ကစားစေခဲ့သည်။ နောက်ဆုံး ဗိုလ်လုပွဲစဉ်တွင် စီနို နှင့် ဂျွန်ဆင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဂျွန်ဆင် အသင်းက (၁-ဝ) ဂိုး ဖြင့် အနိုင်ရကာ သရဖူစိုးမြင့် နှစ်ပတ်လည် အထိမ်းအမှတ်ဖူဆယ် ဖလား ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားနိုင်ခဲ့သည်။
ထို့နောက် ခန်းမဆောင်အတွင်း နေ့လည်စာ ကို စားသောက်ခဲ့ကြပြီး ဝန်ထမ်းများ၏ ပျော်ပွဲရွှင်ပွဲ အစီအစဉ် များကို ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါအစီအစဉ်တွင် ဝန်ထမ်းများ၏ စိတ်ကြိုက်ကာရာအိုကေ တေးသီချင်း သီဆိုမှု အဆိုပြိုင်ပွဲ၊ အစုအဖွဲ့အလိုက် သီဆိုပြိုင်ပွဲ၊ တစ်ခန်းရပ် ပြဇာတ် နှင့် ရှမ်းတိုင်းရင်းသား ရိုးရာအက အလှများဖြင့် စီစဉ်တင်ဆက်ခဲ့ကြပြီး ဝန်ထမ်းများအားလုံးပျော်ရွှင်ကြည်နှုးတက်ကြွစွာ အော်ဟစ်အားပေးကြည့် ရှုခဲ့ကြသည်။ ထို့နောက် Water Boom မြေကွက်လပ်ပေါ်တွင် စုပေါင်းလုပ်ဆောင်မှု(Team Work) နားလည်မှု၊ သတင်းအချက်အလက် ပေးပို့မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု များ ကို ပညာပေးရင်း ဂိမ်း ကစားနည်းများကို ဝန်ထမ်းများအားလုံး ပါဝင်ဆင်နွဲခဲ့ကြသည်။ အထူးသဖြင့် သရဖူစိုးမြင့် ကုမ္ပဏီ ၏ Team Song တစ်ပုဒ်ဖြစ်သော ခေတ်သစ်လယ်သမား သီချင်း ကို အထူးယှဉ်ပြိုင်တင်ဆက်ခဲ့ကြသည်။ ထို့နောက်သရဖူစိုးမြင့် နှစ်ပတ်လည် အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ များ၊ ဖူဆယ်ပြိုင်ပွဲ နှင့် သီချင်းအဆိုပြိုင်ပွဲများ မှ တစ်ဦးချင်း ဆုရသူများ၊ အုပ်စုလိုက်ဆုရသူများ ကို နာယကကြီး ဦးစိုးမြင့် နှင့် ဒါရိုက်တာ အဖွဲ့မှ အထိမ်းအမှတ်မှတ်တမ်းနှင့် ငွေသား ဆုများအသီးသီးချီးမြှင့် ပေးခဲ့ပြီး နှုတ်ခွန်းဆက် စကားပြောကာ အခမ်းအနား ကို ရပ်နားခဲ့သည်။
ထို့နောက် ဝန်ထမ်းများ အားလုံး သတ်မှတ်နေရာတွင် ကုမ္ပဏီ မှ တည်ခင်းသော ဘူဖေး ညစာ စားပွဲ ကို တပျော်တပါး သုံးဆောင် ခဲ့ကြပြီး Water Boom တွင် ကျင်းပသော နှစ်သစ်ကူးပျော်ရွှင်ပွဲ ကို ဝင်ရောက်ဆင်နွဲရင်း သရဖူစိုးမြင့် ကုမ္ပဏီ လိမိတက် ၏ ၁၃ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ပျော်ပွဲရွှွင်ပွဲ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းနိုင်ခဲ့ပါသည်။
ကျင့်ဝတ်မှန်ကန်၊ ဆက်ဆံပြေပြစ် သရဖူစိုးမြင့်
စက်မှုလယ်ယာဖွံ့ဖြိုးဖို့ သရဖူစိုးမြင့် နဲ့လက်တွဲစို့