သရဖူတောင်သူပွဲတော် (ပုသိမ် ၊ မြို့တော်ခန်းမ)

Share on facebook
Share on twitter
Share on linkedin

ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲ့၇၅ ရာခိုင်နှုန်း ဟာ ကျေးလက်နေ လူဦးရေ ဖြစ်ပြီး နိုင်ငံသားအများစု ဟာ လယ်ယာလုပ်ငန်း နဲ့ အသက်မွေးဝမ်းကျောင်းလျှက်ရှိပါတယ်။ မြန်မာနိုင်ငံ ရဲ့ အသက်သွေးကြောဖြစ်တဲ့ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းဖွံ့ဖြိုးရေးဟာ တိုင်းပြည်အတွက် အရေးပါတဲ့ ကဏ္ဍ တစ်ရပ် ဖြစ်ပြီး လူအများအပြားပါဝင်ပတ်သက်နေသော ထုတ်လုပ်မှု နှင့် စားသုံးမှု ကွင်းဆက် ဖြစ်စဉ် ကြီးလည်းဖြစ်ပါတယ်။ ဒါကြောင့် သမားရိုးကျ မိရိုးဖလာ လယ်ယာစိုက်ပျိုးရေး စနစ် ကနေ သိပ္ပံနည်းကျ စက်မှုလယ်ယာစိုက်ပျိုးရေး စနစ် ကို ကူး ပြောင်းဖို့ နိုင်ငံတော် က မူဝါဒ များချမှတ် အကောင်အထည် ဖော်လျှက်ရှိပါတယ်။ အထူးသဖြင့် ကျွန်တော် တို့ သရဖူစိုးမြင့် ကုမ္ပဏီ က သမားရိုးကျ မိရိုးဖလာ လက်မှုလယ်ယာ စနစ်  ကနေ သိပ္ပံနည်းကျ စက်မှုလယ်ယာ စနစ် ပြောင်းလဲရေး ဆိုတဲ့ နိုင်ငံတော် ရဲ့ မြင့်မားသော မဟာဗျုူဟာ မျှော်မှန်းချက် ကို တစ်ဖက်တစ်လမ်း မှ ပါဝင်ဖြည့်ဆည်း ဆောင်ရွက်ရေး ဟာ ကုမ္ပဏီ ရဲ့ မျှော်မှန်းချက်များနဲ့ ထပ်တူ ညီလျှက်ရှိပါတယ်။

?တစ်ချိန်တည်း မှာ တောင်သူဦးကြီး တို့ ရဲ့ လူမှုဘဝ အဆင့်အတန်းမြင့်မာရေး၊ ကျန်းမာပျော်ရွင်ရေး စတဲ့ လူမှုတာဝန်ဝတ္တရားများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ဒါကြောင့် ကုမ္ပဏီ ရဲ့ ရည်မှန်းချက်များ၊ အနာဂတ်မျှော်မှန်းချက် များ နဲ့အညီ တောင်သူဦးကြီး တို့ ကို ဗဟိုပြုသော လူမှုတာဝန်များကို ဆောင်ရွက်ပေးဖို့ တာဝန်ရှိတဲ့အတိုင်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်း က တောင်သူဦးကြီးများကို ဂုဏ်ပြုအနေနဲ့ မြန်မာနိုင်ငံရဲ့စပါးကျီ လို့ တင်စားရတဲ့ တိုင်းဧရာ ရဲ့ မြို့တော် ပုသိမ် မြို့မှာ ပထမ အကြိမ် သရဖူတောင်သူပွဲတော် ကို ကြီးကျယ်ခမ်းနားစည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ပါတယ်။

? သရဖူတောင်သူပွဲတော် ဆိုတာ စက်မှုလယ်ယာ စိုက်ပျိုးရေး နဲ့ တောင်သူဦးကြီး တို့ အပြန်အလှန် အမှီသဟဲ ပြုခြင်း ဆိုတဲ့ ပြယုဂ် ကို ဖော်ဆောင်ပေးတဲ့ လူမူစီးပွားဘဝကျန်းမာပျော်ရွှင်မှု ပွဲတော် တစ်ခု ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ မှာ သရဖူစိုးမြင့် ကုမ္ပဏီ က ပထမ ဆုံး စီစဉ်ကျင်းပတဲ့ တောင်သူလယ်သမားပွဲတော် လည်း ဖြစ်ပါတယ်။ သရဖူတောင်သူပွဲတော်မှာ နိုင်ငံတော် အစိုးရ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများ ၊တောင်သူလယ်သမားဦးကြီးများ၊ မိတ်ဘက်စီးပွားရေး အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ နိုင်ငံကျော် အဆိုတော် ၊မော်ဒယ် သရုပ်ဆောင်များ၊ ပြည်သူများ တက်ရောက်ခဲ့ကြပြီး ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်များ၊ ကံစမ်းမဲအစီအစဉ်များ၊မျက်လှည့် နဲ့ သီဆိုဖျော်ဖြေမှု အစီအစဉ်များကို ထည့်သွင်းကျင်းပခဲ့ပါတယ်။

Leave a Replay